တာချီလိတ်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်းနှင့်မိသားစုများအား Covid-19 ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိ

တာချီလိတ် ဇွန် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ခရိုင်ပြည်သူ့ဆေးရုံ၌ နိုင်ငံဝန်းထမ်းများနှင့် မိသားစုများအား Covid-19 ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေး စတင်ထိုးနှံပေးချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးရသေး သည့် နိုင်ငံ့ဝန်ထမ်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်၏စီမံမှုဖြင့် ဝန်ထမ်းများနှင့် မိသားစုဝင်များအားလုံး ကာကွယ်ဆေးထိုးနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုများကိုထိုးနှံပြီးပါက ပြည်သူများကို ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။

ယာဆေး(ပြန်/ဆက်)