သတင်းများ

ငါန်းဇွန်မြို့နယ် နဘဲပင်ကျေးရွာမူလွန်ကျောင်းဝင်းအတွင်း မီးလောင်မှုဖြစ်ပွား
Jun 20,2021
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် သူနတ်စစ်ကျေးရွာအုပ်စု နဘဲပင်ကျေးရွာမူလွန် ကျောင်းဝင်းအတွင်းရှိ စာသင်ဆောင်တွင် ယနေ့ နံနက် ၁ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်
Jun 20,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း (၁၅) ရပ်ကွက်မှ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဂ္ဂါဘိဓဇ အောက်မေ့ဖွယ်ပြတိုက်ဖွင့်ပွဲ၊ သိက္ခာထပ် ပုနောပသမ္ပဓမင်္ဂလာနှင့် ဂန္ထဝါစကပဏ္ဍိတ ဂုဏဝိသိဌပူဇာ မင်္ဂလာအခမ်းအနား စစ်တွေမြို့၌ ကျင်းပ
Jun 20,2021
အဂ္ဂါဘိဓဇ အောက်မေ့ဖွယ်ပြတိုက်ဖွင့်ပွဲ၊ သိက္ခာထပ် ပုနောပသမ္ပဓမင်္ဂလာနှင့် ဂန္ထဝါစကပဏ္ဍိတ ဂုဏဝိသိဌပူဇာ မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဒက္ခိဏာရာမ ကျောင်းတိုက်၌ ကျင်းပသည်။
လွိုင်လင်မြို့လယ် သာသနာ့ဗိမာန်ဓမ္မာရုံ (မြေညီထပ်) ဘက်စုံပြုပြင်မွမ်းမံပြီးစီး၍ ဖွင့်ပွဲအခမ်းအနားကျင်းပ
Jun 20,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မြို့လယ်သာသနာ့ဗိမာန် ဓမ္မာရုံ(မြေညီထပ်) ဘက်စုံပြုပြင်မွမ်းမံပြီးစီး၍ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အဆိုပါဓမ္မာရုံ၌ ကျင်းပကြောင်းသိရသည်။
နမ္မတူမြို့နယ်ရှိ မီးဘေးသင့်ပျက်စီးခဲ့သည့် လူနေအိမ်(၄၃)လုံးအတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေများနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်
Jun 20,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နမ္မတူမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှု ဦးစီးဌာနရုံးမှ နမ္မတူမြို့နယ်အတွင်းရှိ မီးဘေးသင့် ပျက်စီးခဲ့သည့် လူနေအိမ်(၄၃)လုံးအတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ငဖဲမြို့နယ် တောင်ပေါ်ဒေသ ကော်ဖီစိုက်တောင်သူများထံသို့ ကော်ဖီနှင့်အခြားအရိပ်ရ ပျိုးပင်(၇၀၀၀၀)ကျော်ဖြန့်ဝေ
Jun 20,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီရာသီ-သီးနှံဌာနခွဲ ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေး ခြံ(နတ်ရေကန်)တွင် တောင်ပေါ်ဒေသ ကော်ဖီစိုက်တောင်သူများထံသို့ ကော်ဖီမျိုးစေ့၊ ပျိုးပင်နှင့် အခြားအရိပ်ရ ပျိုးပင်များ (၇၀၀၀၀)ကျော်နှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲကို ယမန်နေ့က အဆိုပါ ကော်ဖီခြံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟိုပန်မြို့၌ မိုးရာသီကာလ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်
Jun 20,2021
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ မိုးရာသီကာလ သွေးလွန်တုပ်ကွေ းရောဂါ ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို ယနေ့နံနက်(၈)နာရီ အချိန်က ဟိုပန်မြို့ပေါ်ရပ်ကွက်(၁၀) ရပ်ကွက်၊ စာသင်ကျောင်း(၇)ကျောင်း၊ ဘုန်းတော်ကြီးကျောင်း (၁၀) ကျောင်း၊ သီလရှင်စာသင်တိုက်(၁)တိုက်နှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း(၆)ကျောင်းတို့တွင် ဆောင်ရွက်ခဲ့သည်။
အိမ်မဲမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂၄)လုံးပျက်စီး
Jun 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ညောင်ကုန်းချောင်းဖျားကျေးရွာ အုပ်စု ရှိကျေးရွာများတွင် ယနေ့ နံနက် ၁ နာရီ ၅၀မိနစ်ခန့်ကမိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့်နေအိမ် (၂၄)လုံးပျက်စီးဆုံရှုံးခဲ့ကြောင်းသိရသည်။