သတင်းများ

အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Sep 21,2020
ပေါက်ခေါင်းမြို့နယ် ရပ်ကွက်၊ကျေးရွာအုပ်စုများအတွင်းရှိ အသက် ၈၅ နှစ်အထက် သက်ကြီး ဘိုးဘွားများအတွက်(ဇူလိုင်၊ဩဂုတ်၊ စက်တင်ဘာ) လတို့အတွက် နိုင်ငံတော်မှချီးမြှင့်ထောက် ပံ့ခဲ့သည့် လူမှုရေးပင်စင် (၃၀၀၀၀)ကျပ်ကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦး စီးဌာနရုံးတွင် တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေးများထံသို့ ထပ်ဆင့်ပေးအပ်ခဲ့ကြောင်းသိရသည်။
လှိုင်သာယာမြို့ နယ်တွင် အမှတ်(၁၅)အခြေခံပညာအထက်တန်းကျောင်းခွဲကို Quarantine Centre အဖြစ်ထပ်မံဖွင့်လှစ်ရန် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် 
Sep 21,2020
ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊လှိုင်သာယာမြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံမှုမရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့ သူများအား သီးခြားနေထိုင်စောင့်ကြည့်နိုင်ရေးအတွက် Quarantine Centreအဖြစ် ထပ်မံဖွင့်လှစ်ရန် အမှတ်(၁၅) အခြေခံပညာ အထက်တန်းကျောင်းခွဲကို ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရောဂါရှာဖွေမှုပြုလုပ်နိုင်ရန် ညှိနှိုင်းဆွေးနွေး
Sep 21,2020
ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက်  ရောဂါရှာဖွေမှုပြုလုပ်နိုင်ရန် ညှိနှိုင်းဆွေးနွေး ပွဲကို စက်တင်ဘာ(၂၁)ရက် နံနက်(၁၀)နာရီခွဲက ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ပျဉ်းမနားမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစာအိမ်ထောင်စုများအား တတိယအကြိမ်မြောက်ထောက်ပံ့ငွေများ ပေးအပ်ပြီး
Sep 21,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခဏခရိုင်၊ ပျဉ်မနားမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိ သော အခြေခံလူတန်းစားအိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်၊ တားဆီရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးက ထောက်ပံ့သည့် တတိယအကြိမ်မြောက်ထောက်ပံ့ငွေများကို စက်တင်ဘာ ၁၉ ရက်နေ့မှစတင်ပေးအပ်ခဲ့ရာ ယနေ့၊ မွန်းလွဲပိုင်းတွင် အိမ်တိုင်ရာရောက်ပေးအပ် ပြီးဖြစ်ကြောင်း သိရသည်။
ပန်လုံမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေ ပေးအပ်
Sep 21,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် KBZ bank တို့ပူးပေါင်း၍ MCCT အစီအစဉ်ဖြင့်ကိုယ်ဝန်ဆောင်မိခင်နှင့်အသက်(၂)နှစ်အောက် ကလေးငယ်များ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်လုံမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများထံ တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်
Sep 21,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား COVID-19 ရောဂါကာကွယ်ထိန်းချုပ်စဉ်ကာလအတွင်း နိုင်ငံတော်မှ တတိယအကြိမ်ထောက်ပံငွေများကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်း ဦးဆောင်၍ ရပ်ကျေးစာရေးများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများသည် အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 21,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန် ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
ပင်လောင်းမြို့နယ်တွင် ကျေးရွာချင်းဆက်ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်
Sep 21,2020
ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေးပိုမိုအဆင်ပြေစေရန်အတွက် ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပင်လောင်း-လွယ်မောင်း-ထီတ ရကျေးရွာချင်းဆက် မြေသားလမ်း၀/၂.၆၅ မိုင်ကို ကျောက်ချောလမ်းအဖြစ် ဆောင်ရွက် လျက်ရှိသည်။