ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ချယ်ရီသင်္ဘောဆိပ်ကမ်း၌ စီးနင်းကြသော ခရီးသည်များအား နှာခေါင်းစည်းများ အခမဲ့ပေးဝေ
Sep 21,2020
စီးပွားရေးမြို့တော်ရန်ကုန်မြို့သို့ သွားရောက် အလုပ်လုပ်ကိုင်ကြမည့် ခရီးသွားမိဘပြည်သူများကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို စနစ်တကျလိုက်နာနိုင်စေရေး နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ချယ်ရီသင်္ဘော ကူးတို့ ဆိပ်ကမ်း၌ စီးနင်းလိုက်ပါကြသော ခရီးသွားမိဘပြည်သူများအား နှာခေါင်းစည်းများတပ်ဆင်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။