သတင်းများ

(၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံ ပြည်သူ့ ဆေးရုံကြီး သွေးလှူဘဏ်တွင် ပြည်သူ့အကျိုးပြု စုပေါင်းသွေးလှူဒါန်း
Sep 22,2020
ကရင်ပြည်နယ် ဘားအံမြို့တွင် (၅၆) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ကရင်ပြည်နယ်/ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် (၈) နာရီအချိန်က ဘားအံပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်တွင် ပြည်သူ့ အကျိုးပြု စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်ရှိ စည်ပင်သာယာဈေးများနှင့် ဈေးဆိုင်များ၊ ဆိုင်ခန်းများအား ညွှန်ကြားချက် များနှင့်အညီ ဖွင့်လှစ်ရောင်းချရန် ဈေးဆိုင်ခန်းများအရောက် အသိပညာပေးနှိုးဆော်
Sep 22,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ စည်ပင်သာယာဈေးများနှင့် ဈေးဆိုင်များ၊ ဆိုင်ခန်းများအား တိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်များအတိုင်း ဖွင့်လှစ်ရောင်းချရန် ယမန်နေ့ မွန်းလွဲ(၁)နာရီက ဈေးဆိုင်ခန်းများအရောက် အသိပညာပေးနှိုးဆော်ခဲ့သည်။
ကျောက်ထု၌ မိုးအဆက်မပြတ်ရွာသွန်းသဖြင့် မိုးကောင်းသောက်လယ်မြေများအတွက် အဆင်ပြေ
Sep 22,2020
ယခုရက်ပိုင်းအတွင်း ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ၌ စက်တင်ဘာ ၁၉ ရက်မှစတင်ကာ ယနေ့ထိ မိုးအဆက် မပြတ်ရွာသွန်းလျက်ရှိသဖြင့် မိုးကောင်းသောက်လယ်မြေများအတွက် ရေဝင် ရောက်မှု အဆင်ပြေ လျက်ရှိကြောင်း စပါးစိုက်တောင်သူများထံမှ သိရသည်။
ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ နေ့စဉ်အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်
Sep 22,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို နေ့စဉ် နံနက်/ညနေ တာဝန်များခွဲကာ မိမိတို့မြို့၊ ရပ်ကွက် /ကျေးရွာများရှိ အဝင်/အထွက်နေရာများတွင် ကျန်းမာရေးစစ်ဆေးရေးဂိတ်များကို အချိန်နှင့်တပြေးညီဖွင့်လှစ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေ များ ပေးအပ်
Sep 22,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူမျာ
ပူတာအိုမြို့နယ်၊ မန်စေခွန်ကျေးရွာအုပ်စုအတွင်း စပါးစိုက်ခင်းများပေါ်တွင် ပိုးကျရောက်မှုအား စိုက်ပျိုးရေးဦးစီးဌာနမှ အချိန်မီကွင်းဆင်းစစ်ဆေးဆောင်ရွက်
Sep 22,2020
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မန်စေခွန်ကျေးရွာအုပ်စုအတွင်း တောင်သူများ လုပ်ကိုင်လျက်ရှိသော ဆန်ဒမ်းကွင်း(OSS)၊ မန်စေခွန်မြောက်ကွင်း(၁)၊ မန်စေခွန်တောင်ကွင်း (၂) လယ်ကွက်ပေါ်ရှိ စပါးစိုက်ခင်းအချို့တွင် ယခုလအတွင်းပိုးကျရောက်လျက်ရှိကြောင်း တောင်သူများ သတင်းပေးပို့လာမှုကြောင့် စိုက်ပျိုးရေးဦးစီးဌာန ၀န်ထမ်းများက အချိန်မီသွားရောက်ကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ပလောက်မြို့အတွင်း ဟိတကာရီလူမှုကူညီရေးအသင်းမှ ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Sep 22,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူ များအား နှာခေါင်းစည်းများကို ယနေ့နံနက်ပိုင်းက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဘောဂလိမြို့ သပြေညွှန့်ကျေးရွာတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေများပေးအပ်
Sep 22,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ဘောဂလိမြို့ ၊ သပြေညွှန့်ကျေးရွာတွင် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုများအား စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက သပြေညွှန့်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။