မက်မန်းမြို့နယ် အေးကျန့်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး
Jun 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် ယမန်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာများအနက် အေးကျန့်ကျေးရွာအုပ်စု၊ အေးကျန့်ကျေးရွာတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် အရောင်းအဝယ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်အသင်းသား (၁၈)ဦးတို့အား မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သွားရောက်တွေ့ဆုံခဲ့သည်။