မင်္ဂလာဒုံမြို့နယ် Community Base Facility Quarantine Centre သို့ အလှူငွေကျပ် သိန်း(၃၀)နှင့် PPE ဝတ်စုံ (၁၀၀) လာရောက်လှူဒါန်း
Sep 22,2020
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် မြို့နယ် အတွင်း ရောဂါကူးစက်ပြန့်နှံမှုများ မရှိစေရေးအတွက် ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း Community Base Facility Quarantine Centre) တွင် သီးခြားနေထိုင်စောင့်ကြည့်မှုများ ဆောင်ရွက်ထားရှိရာ ၎င်း Quarantine ဝင်ရောက်နေသူ ကျား (၇၂)ဦး၊ မ (၁၀၁)ဦး၊ စုစုပေါင်း (၁၇၃)ဦးနှင့် စေတနာ့ဝန်ထမ်း အတွက် အလှူရှင်များက အလှူငွေများနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ယမန်နေ့ ညနေ ၅ နာရီက အဆိုပါ စင်တာသို့ လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။