Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ဖယ်ခုံမြို့နယ်၌ အရပ်ရပ်အခွင့်အရေးလိုင်စင်များ အခြားနည်းညှိနှိုင်းဈေးဖြင့် စိစစ်ရောင်းချ
Sep 21,2020
ဖယ်ခုံမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ် အခွင့်အရေးလိုင်စင်များ အခြားနည်းညှိနှိုင်းဈေးဖြင့် စိစစ်ရောင်းချခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ခန်းမတွင်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု(၂၅၉၇)စုအား ငွေကျပ် ၂၀၀၀၀/-နှုန်းဖြင့် တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်
Sep 21,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူ တန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀/-နှုန်းဖြင့် တတိယအကြိမ် ထောက် ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နေ့လည် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ပဉ္စမအကြိမ်ထောက်ပံ့ငွေများပေးအပ်
Sep 21,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စု များအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေများ ထောက်ပံ့ပေးလျက်ရှိရာ စက်တင်ဘာလ (၂၁)ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ပြည်သူများလယ်ဝယ်အရောက် ပဉ္စမအကြိမ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ် စောင့်ကြည့်ရေးစခန်း၌ နေ့လည်စာနှင့် စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်း
Sep 21,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် စေတနာရှင် မိဘပြည်သူများတို့က ဝိုင်းဝန်းကာ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအား ပူးပေါင်း ဆောင်ရွက်လျှက်ရှိကြရာ ယနေ့ နံနက်ပိုင်းတွင် စားသောက်ဖွယ်ရာများကို လာရောက်လှူဒါန်းကြသည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများထပ်မံပေးအပ်
Sep 21,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများကို စက်တင်ဘာလ ၁၉ ရက်နေ့မှစတင်ကာ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက်ကလေးများအား ထောက်ပံ့ကြေးများပေးအပ်
Sep 21,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ ကိုယ်ဝန် ဆောင်မိခင် များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်(MCCT)မှထောက်ပံ့ကြေးများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ပေးအပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့၌ မိုးစပါးစိုက်ခင်းများ GAP အသိအမှတ်ပြုလက်မှတ်ရရှိရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခြင်းဆောင်ရွက်
Sep 21,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် မိုးစပါးစိုက်ခင်းများ GAP အသိအမှတ် ပြုလက်မှတ် ရရှိရေးအတွက် လင်းခေးခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှတာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီအချိန်က နမ့်မော်ဆွမ့် ကျေးရွာ အုပ်စု စိုက်ကွင်းများရှိလယ် မြေနေရာ၌ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရပ်ကွက်/ကျေးရွာအတွင်းရှိ မသန်စွမ်းသူများအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် သုံးသောင်းစီ ပေးအပ်
Sep 21,2020
ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင် ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရပ်ကွက်/ကျေးရွာများ အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းသူများအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့သည့် တစ်ဦးလျှင် ငွေကျပ်သုံးသောင်းစီအား ယနေ့နံနက်ပိုင်းမှ စတင်၍ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27995
Page
27996
Page
27997
Page
27998
Current page
27999
Page
28000
Page
28001
Page
28002
Page
28003
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department