သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ပြန်လည်ဖွင့်လှစ်ကာ ဓမ္မာစရိယတန်းနှင့် ပါဠိပထမပြန်တန်း စာပေများ သင်ကြားပေးမည်

သန်လျင် ဇွန် ၂၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ မင်းကျောင်း ပထမပြန် စာသင်တိုက်တွင် (၁၃၈၃) စာသင်နှစ်အား ရှေးယခင်နှစ်များနည်းတူ ပြန်လည်ဖွင့်လှစ်ကာ စာသင်သား ရဟန်းနှင့် သာမဏေ သံဃာတော်များအား ဓမ္မာစရိယတန်းနှင့် ပါဠိပထမပြန်တန်း စာပေများအား  သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်လျင်မြို့ မင်းကျောင်း ပထမပြန် စာသင်တိုက်၌ (၁၃၈၃) စာသင်နှစ်တွင် ဓမ္မာစရိယတန်းနှင့် ပါဠိပထမပြန်တန်း အသီးသီးသို့ တက်ရောက်ပညာ သင်ကြားလိုသော စာသင်သား (အဟောင်း၊ အသစ်) ရဟန်း၊ သာမဏေများအနေဖြင့် ၁၃၈၃ ခုနှစ် ဝါဆိုလဆန်း ၈ ရက်၊ ဇူလိုင် ၁၆ ရက် (သောကြာနေ့) နောက်ဆုံးထား၍ မင်းကျောင်း ပထမပြန် စာသင်တိုက်သို့ ကြွရောက်ပေးပါနှင့် စာသင်တိုက်သို့ ဆက်သွယ်လိုပါက နာယကဆရာတော်များအဖွဲ့ မင်းကျောင်းပထမပြန်စာသင်တိုက် ဖုန်း- ၀၉ ၄၃၀၉၃၆၁၉ နှင့် ၀၉ ၅၀၉၈ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက်တွင် (၁၃၈၃)ခု စာသင်နှစ်၌ ဓမ္မာစရိယတန်းနှင့် ပါဠိပထမပြန်တန်း တက်ရောက်ပညာသင်ကြားမည့် ရဟန်း၊ သာမဏေများအား ကိုဗစ် (၁၉) ကာလ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။