နွားထိုးကြီး ဇွန် ၂၂
နွားထိုးကြီးမြို့၊အမှတ်(၄)ရပ်ကွက်နေ အမျိုးသမီးတစ်ဦးသည်မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံ သို့ သွားရောက်ပြီး ကျန်းမာရေးဆေးကုသမှုခံယူခဲ့ရာ ၎င်းအမျိုးသမီးတွင်ကိုဗစ် -၁၉ ရာဂါ ပိုးစစ်ဆေးတွေ့ ရှိခဲ့သဖြင့် ၎င်းနှင့်ဆက်စပ်ခဲ့သူ(၇)ဦးအား (HQ) ထားရှိခဲ့ကြောင်းသိရသည်။
အဆိုပါ ပိုးတွေ့လူနာနှင့် ဆက်စပ်ခဲ့သည့် (၇)ဦးထဲမှ အမျိုးသား(၁)ဦး၊အမျိုးသမီး(၂)ဦးတို့သည် မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် ပထမအကြိမ်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသဖြင့် (HQ) ထားရှိပြီး ကျန်ရှိသူ အမျိုးသမီး(၄)ဦးအား နွားထိုးကြီးမြို့နယ် ပြည်သူ့ ဆေးရုံတွင် ပထမအကြိမ် စစ်ဆေးခဲ့ရာ အမျိုးသမီးတစ်ဦးတွင် ကိုဗစ်-၁၉ ရာဂါပိုးတွေ့ရှိသဖြင့် နွားထိုးကြီးမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ အရေးပေါ်တုံ့ပြန်ရေးနှင့် ကုသရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့မှ သွားရောက် ခေါ်ဆောင်ပြီး၊ နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံ အထူးကုသဆောင်သို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိပြီး ပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သူအား (HQ) ထားရှိကြောင်း သိရသည်။
သန်းအောင်ဇော်