ကမမောင်း ဇွန် ၂၂
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ရှိသစ်တောဦးစီးဌာန ယာယီပျိုးဥယျာဉ် တွင် ယနေ့နံနက် ၉ နာရီ၌ ရပ်ကွက်နှင့်ကျေးရွာများတွင် သစ်ပင်များစိုက်ပျိုးနိုင် ရန်အတွက် သစ်တောဦးစီးဌာနမှ ပျိုးပင်များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိရာ ကျေးရွာ များမှ တာဝန်ရှိသူများက လာရောက်ထုတ်ယူလျက်ရှိသည်။
ကမမောင်းမြို့သစ်တောဦးစီးဌာနမှ ယခုနှစ်အတွင်း မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာ များတွင် မိုးရာသီကာလတွင် သစ်ပင်စိုက်ပျိုးနိုင်ရေးအတွက် ကျွန်း၊ပျဉ်းကတိုး၊ မဟော်ဂနီ၊မန်ဂျန်ရှား၊စိန်ပန်း၊မဲဇလီ၊ ဗန်ဒါပင်စသည့် ပျိုးပင်စုစုပေါင်း(၁၁၀၀၀) ကျော်ကို ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်၊ကျေးရွာများကို ဖြန့်ဝေပေးနိုင်ရန်အတွက် ပျိုးထောင်ထားရှိကြောင်း၊အထူးသဖြင့်သစ်ပင်စိုက်ရန်မြေနေရာကျယ်ဝန်းစွာရှိသောကျေးရွာများမှ မြေပိုင်ရှင်များအတွက် အထောက်အကူပြုစီးပွားဖြစ်နိုင်ပြီး သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာရောက်သည့်ကျွန်း၊ မဟော်ဂနီနှင့် မန်ဂျန်ရှားပင် များအပြင် မဲဇလီနှင့်ဗန်ဒါပင်များကိုလည်း ၎င်းတို့နေအိမ်ခြံဝင်းနှင့် တောင်ယာများ တွင် စိုက်ပျိုးကြရန်အတွက် လာရောက် ထုတ်ယူလျက်ရှိကြောင်းသစ်တော ဦးစီးဌာန မှ တောအုပ်ဦးဝေယံဝင်းထွဋ် ကပြောသည်။
လင်းသန့် ( ပြန်/ဆက်)