ရွာငံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကူးစက်သူ (၉)ဦးတွေ့ရှိ

ရွာငံ  ဇွန် ၂၂

    ရှမ်းပြည် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် လက်ရှိဖြစ်ပွား နေသည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ပြန့်နှံ့လျက်ရှိရာ ယမန်နေ့ ကိုဗစ်၁၉ ရောဂါပိုး ကူးစက်သူ ၉ ဦးတွေ့ရှိကြောင်းသိရသည်။

    အဆိုပါ ရောဂါပိုးတွေ့ရှိသူ ၉ ဦးမှာ ရွာငံမြို့နယ် ဉာဏ်ကြီးရှင်ကော်ဖီခြံမှ ဝန်ထမ်း ၁၄ ဦးအား ကိုဗစ်ရောဂါပိုး စစ်ဆေးရာ ၉ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရကြောင်း သိရပြီး ခရီးသွားရာဇဝင်အနေဖြင့် ယခင်ရက်များတွင် ရန်ကုန်မြို့မှ ရွာငံမြို့သို့ပြန်လည် ရောက်ရှိ လာသူများဖြစ်ပြီး  အဆိုပါပိုတွေ့လူနာ ၉ ဦးအား ရွာငံပြည်သူ့ဆေးရုံသီးသန့်ဆောင်တွင် ထားရှိ၍ ကုသပေးလျက်ရှိပြီး ၄င်းတို့နှင့်ထိတွေ့သူ မိသားစုဝင်များအား ဉာဏ်ကြီးရှင် စက်ရုံဝင်းအတွင်း၌ အသွားအလာကန့်သတ်ထားရှိကြောင်းလည်းသိရသည်။

ထွန်းထွန်းဝင်း(ရွာငံ)