ကြည့်မြင်တိုင် ဇွန် ၂၂
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်ရုံး ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့် Talk Show ဆောင်ရွက် ခဲ့သည်။
ဆွေးနွေးပွဲတွင် စာရေးဆရာမ ပေါက်ပေါက်က မူးယစ်ဆေးဝါးဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ မြန်မာနိုင်ငံသို့ မူးယစ်ဆေးဝါးစတင်ရောက်ရှိလာပုံ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးကို ရှောင်ရှားရမည့်နည်းလမ်းများ၊ စိတ်ကိုပြောင်းလဲစေတက်သည့် အရာမှန်သမျှကို ရှောင်ရှားရမည့်အချက်များနှင့် ကြိုတင်ကာကွယ်ရမည့် အချက်များ စသည့်အကြောင်းအရာများကို အသေးစိတ်ဆွေးနွေးပြောကြားပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါမူးယစ်ဆေးဝါးန္တရာယ် Talk Show ကို online အစီအစဉ်ဖြင့် ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် တင်ဆက်ပေးသွားမှာဖြစ်ကြောင်းလည်း သိရသည်။