ရမည်းသင်းမြို့နယ်တွင် နိကာယ်စာမေးပွဲ ဒုတိနေ့ဖြေဆို

ရမည်းသင်း    ဇွန်   ၂၂

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ၂၀၂၁ခုနှစ်  အစိုးရနိကာယ်စာမေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ရမည်းသင်းမြို့သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ နိကာယ်စာမေးပွဲတွင် ရမည်းသင်းမြို့အတွင်းရှိ  စာသင်တိုက်များမှ ရဟန်း (၁၀)ပါး၊ သာမဏေ(၁၄)ပါးနှင့် သီလရှင်(၂)ပါး စုစုပေါင်း(၂၆)ပါး စာရင်းသွင်းပြီး ရဟန်းနှစ်ပါးသာ ဝင်ရောက်ဖြေဆိုခဲ့ပြီး နိကာယ်စာမေးပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ နိကာယ်စာမေးပွဲကို ဇွန်လ ၂၁ ရက်နေ့ ၂၅ ရက်နေ့အထိ နေ့လည် ၁ နာရီမှ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်၊ရမည်းသင်း