ဖျာပုံမြို့၌စားသုံးသူရေးရာဦးစီးဌာနက စားသောက်ကုန်ပစ္စည်းများကွင်းဆင်းစစ်ဆေးဆောင်ရွက်

ဖျာပုံ      ဇွန်    ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင် စားသုံးသူရေးရာဉီးစီးဌာနက စားသုံးကုန် ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေး ခြင်းကိုယမန်နေ့ နေ့လည်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါစားသုံးကုန်ပစ္စည်းများစစ်ဆေးဆောင်ရွက်ရာတွင်ဖျာပုံမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံဦးမိုးမင်းသန်းနှင့်အဖွဲ့သည် ကုန်အညွှန်းခွင့်ပြုချက်ရရှိပြီးသော ဖျာပုံမြို့ ဒုတိယလမ်း ဦးမျိုးသိန်း၏ မင်းဆက်သ   လက်ဖက်ခြောက်၊ လက်ဖက်နှင့်    အကြော်စုံလုပ်ငန်းသို့  သွားရောက်ပြီး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုရှိ /မရှိစစ်ဆေးခြင်း၊ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍  ဈေးနှုန်းဈေးကွက်အခြေအနေ၊    ထုတ်ကုန်လုံခြုံမှုရှိစေရေး တို့အတွက်    ဆွေးနွေးအသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

အောင်ဝင်းနိုင်