ကျုံပျော်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် Mask နှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ကျုံပျော်   ဇွန်  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask နှင့် အသိပညာပေး  လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ဗိုလ်ချုပ်လမ်းနှင့်မြို့မဈေးတို့တွင် ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

အသိပညာပေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်းပြီး၊ ဗိုလ်ချုပ်လမ်းတွင် သွားလာကြသော ပြည်သူများနှင့် မြို့မဈေးအတွင်း ဈေးရောင်းဝယ်ကြသူများထံသို့ Mask နှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး၊ ဈေးအတွင်း နှာခေါင်းစည်းများ  တပ်ဆင်မှုရှိ/မရှိနှင့် ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ  ရောင်းချခြင်း ရှိ /မရှိ တို့ကို စစ်ဆေးကြကာ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ကျုံပျော်တွင် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေးအတွက် တိုင်းဒေသကြီး ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည့် အသိပေးကြေငြာချက်များကို ရပ်ကွက်နှင့် ကျေးရွာများတွင် အများပြည်သူသိရှိစေရန် လှည့်လည်ကြေငြာခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်