ပလောက် ဇွန် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်(၁၁)နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ကိုပြုလုပ် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲ၌ ပလောက်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် စိုးသိမ်းမြင့်က မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး အတွက် ဆောင်ရွက်နေမှုလုပ်ငန်းများ၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးကို ရှောင်ရှားရမည့် နည်းလမ်းများ၊ မူးယစ်သားကောင်ဘဝကို လူငယ်များ မရောက်ရအောင် ကြိုတင်ကာကွယ်ရမည့်အချက်များ စသည့်အကြောင်း အရာများကို အသေးစိတ် ဆွေးနွေး ပြောကြားပေးခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်