ရေတာရှည်မြို့နယ်တွင် သဘာဝ​ဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဧကများအား ထောက်ပံ့ငွေ​ပေးအပ်

ရေတာရှည် ဇွန် ၂၂

ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း သဘာဝ​ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့​သော သီးနှံပျက်စီးဧကများအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက အဖွင့်အမှာစကားပြောကြား ခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေလင်း​ဇော်က သဘာဝ​ဘေးကြောင့် ပျက်စီး ဧကများနှင့် ပတ်သက်၍ ထောက်ပံ့ငွေပေးအပ်မှုအား ရှင်းလင်း ပြောကြားခဲ့သည်။

ထို​နောက် ရေတာရှည်အတွင်း ကျေးရွာအုပ်စု(၇)အုပ်စုရှိ တောင်သူ(၈၆)ဦး၏ သီးနှံပျက်စီးဧက​ပေါင်း ၂၁၉.၀၇ ဧကအတွက် ထောက်ပံ့ ငွေ စုစု​ပေါင်း(၂၈၁၅၀၀၀)ကျပ်အား သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများထံသို့ ပေးအပ်ခဲ့​ကြောင်း သိရသည်။

အေးဆု