တာချီလိတ် ဇွန် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့မိုင်းကိုးကျေးရွာအုပ်စုရှိ အမှတ်(၁၀၀၉)၊ နယ်ခြားစောင့် တပ်ရင်းအတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ယနေ့နံနက် ၈ နာရီအချိန်က "မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ" ကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် ရဲမေများ သစ်တောဦး စီးဌာနမှ ဝန်ထမ်းများက စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ယခုနှစ်သစ်ပင်များစိုက်ပျိုးရာတွင် သစ်မာပင်များဖြစ်သော ကျွန်း၊ မကျန်ရှား၊ မဟော်ဂနီ၊ ပျဉ်းကတိုး၊ ခရေ၊ ကံစက် စသည့် သစ်ပင်မျိုးစုစုပေါင်း ၅၄၀ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)