နတ်တလင်း ဇွန်၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်ချုပ်ရေးအတွက် သံသယလူနာများကိုလည်းကောင်း ပြည်တွင်းပြည်ပပြန်များကို လည်းကောင်း ရောဂါဖြစ်ပါးနေသည့် အရပ်ဒေသမှ ပြန်လာသူများ ဝင်ရောက်လာသူများကို ထားရှိစစ်ဆေးရန်အတွက် Quarantine Centre များအဖြစ် အသုံးပြု ဆောင်ရွက်လုပ်ကိုင်မည့် နတ်တလင်းမြို့နယ် ပြည်သူ့အားကစားကွင်းအတွင်းရှိ ပွဲကြည့်စင်အောက်မှ အခန်းများအား သန့်ရှင်းရေး ဆောင်ရွက်ခြင်း ရေချိုးကန် သန့်စင်ခန်းများ သန့်ရှင်းရေး ဆောင်ရွက်ခြင်း အိပ်စက်ရန်အတွက် ကုတင်များကို ၆ပေခြား ထားရှိပေးခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ ပရဟိတအသင်းအဖွဲ့များက ယနေ့နေ့လယ် ၁နာရီခွဲတွင် စုပေါင်းဆောင်ရွက် လုပ်ကိုင်ကြကြောင်း သိရသည်။
ထားထားဦး