ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိမြို့နယ်များအား “ပန်းခင်း” စီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်

တောင်ကြီး    ဇွန်  ၂၂

အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသမြို့နယ်ဦးစီးမှူးရုံးများ “ပန်းခင်း”စီမံချက်အရ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်းကို ယနေ့ နံနက် ၉နာရီခွဲက ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်းက ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသားများနှင့်ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေ စာရင်းနှင့်ကိုင်ဆောင်သင့်သည် ကတ်ပြားတစ်မျိုး မျိုးထုတ်ပေးနိုင်ရေးအတွက် အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "ပန်းခင်း" ဟူသောစီမံချက်ဖြင့်၂၀၂၁ခုနှစ်မေလ (၃)ရက်နေ့ ကစပြီးတစ်နိုင်ငံလုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊နောင်ကျင်းပမည့်ရွေး ကောက်ပွဲတွင်မဲပေးပိုင်ခွင့် ရှိသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်နှင့်မဲပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံသား ဖြစ်မှုအရည်အချင်းပေါ်မူတည်ပြီးနိုင်ငံသား၊ဧည့်နိုင်ငံသား၊နိုင်ငံသားပြုခွင့်ရသူစသဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးရေးဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်စေရန်ဥပဒေနှင့် အညီတတ်နိုင်သမျှ ဖြေလျော့ပြီး "ပန်းခင်း" စီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မြို့နယ်ရုံး များကို လာရောက်ဆောင်ရွက်ရသည့် ကိစ္စတစ်ခုကိုအဆင်ပြေချောမွေ့စွာနှင့်ငွေကြေးကုန်ကျမှု သက်သာပြီး ကိုယ့်ဒေသတွင်လုပ်ငန်း ခွင်အလုပ်အကိုင်မပျက်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိကြသည့်အတွက် ဝမ်းသာစရာဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိသည့် မြန်မာနိုင်ငံသားများသည် နိုင်ငံသား အခွင့်အရေးကိုအပြည့်အဝရရှိခံစားနိုင်မှာဖြစ်ပြီး နိုင်ငံသားတစ်ယောက်၏ တာဝန်နှင့်နိုင်ငံသားအပေါ် သစ္စာစောင့် သိရန်လိုအပ်ပါကြောင်းပြောကြားသွားသည်။

 ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးအောင်သွင်ဦးမှ "ပန်းခင်း" စီမံချက်ဖြင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရာ ဟိုပုံးမြို့နယ်တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံမှ စစ်သည်နှင့် မိသားစုများ၏ အိမ်ထောင်စု လူဦးရေစာရင်း(၃၄)စောင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၅၂)ကတ်၊စငေါကျေးရွာအုပ်စုနိုင်ငံသားစိစစ်ရေးကတ်ပြား (၇၅)ကတ်၊ အိမ်ထောင်စုလူဦရေစာရင်း (၁၆၇) စောင်၊စံဖူးကျေးရွာအုပ်စု နိုင်ငံသားစိစစ်ရေး ကတ်ပြား(၈၃)ကတ် ၊အိမ်ထောင်စုလူဦးရေ စာရင်း(၈၃) ပေါင်လင်ကျေးရွာအုပ်စုနိုင်ငံသားစိစစ်ရေးကတ်ပြား(၁၀၆)ကတ်၊ လုံဟေးကျေးရွာအုပ်စုနိုင်ငံသား စိစစ်ရေး ကတ် (၉၅)ကတ်၊ ဆီဆိုင်မြို့နယ်ဘန်းယဉ်ကျေးရွာအုပ်စုကတ်ပြား(၁၆၁)ကတ်၊ အိမ်ထောင်စုလူဦးရေ စာရင်း(၅၁)စု၊ ပါလော ပါကယ်ကျေးရွာအုပ်စု ကတ်ပြား(၁၂၀)ကတ်၊အိမ်ထောင်စု လူဦးရေစာရင်း(၅၆)စု၊ ပင်လောင်းမြို့နယ်မင်းဘူးကျေး ရွာအုပ်စုကတ်ပြား(၃၇၂)ကတ်၊ အိမ်ထောင်စုလူဦးရေးစာရင်း(၁၂)စု၊နန်း ပုလင်းကျေးရွာအုပ်စုကတ်ပြား(၄၃၇)ကတ်၊ အိမ်ထောင်စု လူဦးရေစာရင်း (၂၁၈)စုတို့ကို ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဒေါက်တာ ကျော်ထွန်း၊ အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အသီးသီးပေးအပ်ရာ ဒေသခံပြည်သူ များမှလက်ခံရယူကြသည်။

ထို့နောက်အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးမှာအတွက် ပေါင်လင်းကျေးရွာအုပ်စုစီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌဦးစောရီက ကျေးဇူးတင်စကားပြန်လည် ပြောကြားကြောင်းသိရသည်။ အဆိုပါ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ မြို့နယ်များတွင်အိမ်ထောင်စုလူဦးရေ စာရင်း (၆၂၁)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၅၀၁) ကတ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

 ယင်းနောက်ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည်သာယာကုန်း- ဘန့်ပိန်း-ချန်ထိ-ရွာသစ်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကိုသွားရောက် ကြည့်ရှု့စစ်ဆေးပြီးရှင်းလင်း ဆောင်ခန်းမတွင် ခေတ်ကမ္ဘာ ဆောက်လုပ်ရေး ကုမ္ပဏီနှင့်မန်းပြည်ဒဂုန်ကုမ္ပဏီမှ တာဝန်ရှိသူများက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းကြသည်။ အဆိုပါ သာယာကုန်း-ဘန့်ပိန်း-ချန်ထိ-ရွာသစ်လမ်းကတ္တရာ ခင်းခြင်းတွင် ကုမ္ပဏီနှစ်ခုမှ(၁၆.၀၅၇)ကီလိုမီတာ ဆောင်ရွက်ကာ ကျေးရွာပေါင်း (၁၉)ရွာ၊အိမ်ခြေ(၁၁၆၀) လူဦးရေ(၅၉၁ ၇)ကျေးရွာနေပြည်သူများအားအကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 မောင်မောင်သန်း(တောင်ကြီး)