ရေတာရှည်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာ​ပေး ​ဟော​ပြောပွဲ​ဆောင်ရွက်

ရေတာရှည်  ဇွန် ၂၂

ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ဇွန်လ ၂၆ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က မြောက်နန်ချွန် အ.ထ.က (ခွဲ)တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ဟော​ပြောပွဲတွင် မြောက်နန်ချွန် အ.ထ.က (ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့  မြို့မစခန်းမှူး ဒုရဲမှူး အေးထွန်းက မူးယစ်ဆေးဝါးအ​ကြောင်း သိ​ကောင်းစရာများကို ဟော​ပြောဆွေး​နွေးခဲ့ပြီး ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက လူငယ်နှင့်မူးယစ်​ဆေး ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။

လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်း ဆိုင်ရာ ထိခိုက်မှုများအား ရှင်းလင်းစွာနားလည်ကာ နောက်ဆက်တွဲ ပြဿနာများကိုသိရှိပြီး မူးယစ်ဆေးဝါး သား​ကောင်မဖြစ်​စေ​ရေး ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ဇွန်လ ၂၆ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး​ ဟော​ပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ဟော​ပြောပွဲတွင် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများကို ကဏ္ဍစုံလင်စွာ ထည့်သွင်း ဖော်ပြထားသည့် နံရံကပ်စာစောင်​ကို ပြသခဲ့ပြီး ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန (ရုံးချုပ်) မှ အခမဲ့ ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာ​စောင်များအား ဖြန့်​ဝေခဲ့​ကြောင်း သိရသည်။

အေးဆု