ဒိုက်ဦး ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၁ ခုနှစ်(မိုးရာသီ) သစ်ပင် စိုက်ပျိုးပွဲတော် ကို ဇွန်လ ၂၁ ရက်နေ့တွင် ဘိုင်းဒါးကြိုးဝိုင်း၊ အကွက်အမှတ်(၁၁၀)၌ ကျင်းပပြုလုပ်ရာ ဒိုက်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ဒေသခံ ပြည်သူလူထုများ စုစုပေါင်း အင်အား ၂၀၀ ဦးခန့်ဖြင့် တစ်ပျော်တစ်ပါးစိုက်ပျိုးကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ တစ်ဦးနှင့် တစ်ဦး ၉ ပေခွာ၍ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ မဟော်ဂနီနှင့် သင်္ကန်း၊ ပျိုးပင်(၁၅၀၀) ပင်ကို စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။