သိန္နီမြို့၌ ကိုဗစ် Positive လူနာ(၂) ဦးတွေ့ရှိ

သိန္နီ ဇွန် ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့ အမှတ်(၁) ရပ်ကွက်နေ အမျိုးသမီး(၁)ဦးနှင့် အမှတ်(၃)ရပ်ကွက်နေ အမျိုးသမီး(၁)ဦး စုစုပေါင်း (၂)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသမီး(၂)ဦးသည် သိန္နီမြို့နယ် ပြည်သူ့ဆေးရုံ (အမျိုးသမီးလူနာဆောင်) တွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသမှုခံယူနေရာမှ လားရှိုးမြို့နယ် ပြည်သူ့ဆေးရုံသို့ လွှဲပြောင်း ကုသမှု ခံယူနေသူများဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၂) ဦး၏ နေအိမ်နှင့် ၎င်းတို့နှင့် ထိတွေ့ခဲ့သူများ၏ နေအိမ်များအား “ရောဂါကာကွယ်ရေးသတိပေး တားမြစ်ချက်နှင့် အသွားအလာကန့်သတ်သည့်စာတမ်းပါ” ဗီနိုင်းများ ချိတ်ဆွဲ၍ Home Quarantine ပြုလုပ်ထားရှိပြီး ကျန်းမာရေးဌာနမှ RDT Test Kits ဖြင့် (၂) ကြိမ် စစ်ဆေးဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)