ဖျာပုံ ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အားကစားဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့ နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်၍မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅) နှစ်အောက်အမျိုးသား၊အမျိုးသမီးအားကစားပြိုင်ပွဲကို ယမန်နေ့ နေ့လည်ပိုင်းက ဖျာပုံမြို့နယ် အားကစားခန်းမ၌ ကျင်းပသည်။
အဆိုပါ အားကစားပြိုင်ပွဲများကို ဇွန်လ (၂၁)ရက်နေ့ မှ (၂၅)ရက်နေ့ အထိ ပြိုင်ပွဲအလိုက် သက်ဆိုင်ရာ အားကစား ခန်းမတွင် ကျင်းပရာ ဘောလီဘောပြိုင်ပွဲ ကို ကျား (၄)သင်း ၊ မ(၃)သင်း၊ ဘက်စကတ်ဘောပြိုင်ပွဲ ကို ကျား(၄)သင်း ၊ မ(၃)သင်း ၊ စားပွဲတင် တင်းနစ် ကို ကျား ( ၆) သင်း ၊ မ(၆)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြြပီး ကာယဗလပြိုင်ပွဲ တွင် (၆၀)ကီလိုတန်း(၁၀)ဦး ၊ (၆၀)ကီလိုအထက် (၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသူများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ (၂၅-၆-၂၀၂၁)ရက်နေ့တွင် ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရှိရသည်။
အောင်ဝင်းနိုင်