မုံးကိုးမြို့ ကိုဗစ်-၁၉  ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးရေးဂိတ် ဖွင့်လှစ်ဆောင်ရွက်

မုံးကိုး ဇွန် ၂၃

မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ မြို့အဝင်၌  ကိုဗစ်-၁၉  ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မုံးကိုးမြို့အဝင်၌ ဌာနဆိုင်ရာများနှင့် ပရဟိတအဖွဲ့များ ပူးပေါင်း၍ ကျန်မာရေး စစ်ဆေးခြင်းကို နေ့စဉ် နံနက်(၇)နာရီမှ ည(၇)နာရီအထိ ဆောင်ရွက်လျက်ရှိပြီး၊ ခရီးသွား ရာဇဝင်မှတ်တမ်းတင်ခြင်းနှင့် အပြင်ထွက်သွားလာသူတိုင်း နှာခေါင်းစည်းတပ်၍ သွားလာကြရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။ မုံးကိုးမြို့သည် မြန်မာ-တရုတ်နယ်စပ်တွင် တည်ရှိပြီး ယခုအချိန်ထိ ကိုဗစ်-၁၉  ရောဂါ ကင်းရှင်းလျက်ရှိကြောင်း သိရှိရသည်။

သန်းဇော်ဦး