ရမည်းသင်း ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ဆည်တွင်းကျေးရွာတွင် ငွေနှင်းမှို စိုက်ပျိုးရောင်းချခြင်းဖြင့် နေ့စဉ်ပုံမှန် ဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေးကို အဆင်ပြေလျက်ရှိကြောင်းသိရသည်။
အဆိုပါ ငွေနှင်းမှိုကို စင်တင်စနစ်ဖြင့်စိုက်ပျိုးကာ ယခုခြံအတွင်း စိုက်ထုပ် (၄၀၀၀) စိုက်ပျိုးထားကြောင်း မျိုးထုပ်စထုပ်တဲ့အချိန်ကစပြီး(၂၂)နေရင် အပွင့်များပွင့်ပြီ ရေကတော့ လိုအပ်ရင်လိုအပ်သလိုဖျန်းပေး ရကြောင်း ငွေနှင်းမှို စိုက်ထုပ်များလည်းရောင်းချကြောင်းနှင့် ငွေနှင်းမှိုအပွင့်များလည်ရောင်းချကြောင်း မှိုအပွင့်အနေနဲ့ နေ့စဉ်ပုံမှန် (၁၀)ပိသာထွက်တယ်လို့ ငွေနှင်းမှိုစိုက်ပျိုးရောင်းချသူ ဦးကျော်ကျော်ထံမှ သိရသည်။
ငွေနှင်းမှို စိုက်ထုပ်တစ်ဖက်ထွက်တစ်ထုပ်ကို (၅၀၀)ကျပ်နှင့် နှစ်ဖက်ထွက်တစ်ထုပ်ကို(၁၀၀၀)ကျပ်ဖြင့် ရောင်းချပြီး ငွေနှင်းမှို တစ်ပိသာကို(၃၅၀၀)ဖြင့်ရောင်းချကာ ယခု မှိုအထွက်နှုန်းလျော့နည်းနေတဲ့အတွက် ဈေးကောင်းရရှိပြီး နေ့စဉ်ပုံမှန် ဝင်ငွေရရှိတဲ့အတွက် အဆင်ပြေလျက်ရှိကြောင်းသိရသည်။