ညောင်တုန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ညောင်တုန်း   ဇွန်  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေး များ ဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းမှု ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းလှက ကော်မတီ၏ လုပ်ငန်း တာဝန်(၇)ရပ်ပါ  မြို့နယ်အတွင်း ကလေးသူငယ်စောင့်ရှောက်မှုများနှင့် ပတ်သက်၍ ကိုယ်ဝန်ဆောင်မိခင်မှသည် မွေးဖွားလာသည်အထိ ကလေးသူငယ်များအတွက် ထောက်ပံ့မှု များ၊ မူကြိုကျောင်းများ၊ မိခင်ဝိုင်းများ ဖွင့်လှစ်နိုင်ရေး‌ေဆာင်ရွက်ထားရှိမှုများနှင့်  ကလေး သူငယ်အခွင့်အရေးများနှင့်ပတ်သက်ပြီး သတ်မှတ်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက် နေမှုများကို ဆွေးနွေးတင်ပြခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းများအားညှိနှိုင်းဆွေးနွေးခဲ့ကြောင်း  သိရသည်။

မြို့နယ်(ပြန်ဆက် )