သတင်းများ

ဆီဆိုင်မြို့ရှိ စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအား Take-away စနစ်ဖြင့် ရောင်းချရေး ကွင်းဆင်းစစ်ဆေး
Sep 27,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရှိ စားသောက်ဆိုင် များနှင့် လက်ဘက်ရည်ဆိုင်များအား Take-away စနစ်ဖြင့် ရောင်းချရေး ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့ရှိ ရပ်ကွက်များသို့ ကျန်းမာရေးအသိပညာများ ရရှိနိုင်စေရန် အသံချဲ့စက်များဖြင့် လှည့်လည် နှိုးဆော်
Sep 27,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက် လျက်ရှိရာ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာဒါန Volunteer အဖွဲ့များ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ရပ်ကွက်ပြည်သူများသို့ ကျန်းမာရေးအသိပညာ များ နှိုးဆော်ပေးခဲ့ကြကြောင်း သိရသည်။
လူကုန်ကူးခံရခြင်းမှ ကင်းဝေးစေရေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူ
Sep 27,2020
နေပြည်တော် အလုပ်သမားညွှန်ကြားရေးဉီးစီးဌာနမှ Social Care Volunteer Group (SCVG)၏ အကူအညီ ဖြင့် ရွှေ့ပြောင်းသွားလာသူများမှ ရွှေ့ပြောင်းသွားလာခြင်းမပြုမီ ဆောင်ရွက်သင့်သည့် အကြောင်းအရာများ ကို သိရှိစေရန်၊ လူကုန်ကူးခံရခြင်းမှ ကင်းဝေးစေရန်နှင့် လူကုန်ကူးခံရပြီးနောက် လွတ်မြောက်လာသူများကို လိုအပ်သော ချိတ်ဆက်ဆောင်ရွက်မှုများပေးနိုင်ရန် ရည်ရွယ်၍ စက် ၂၅ ရက်နေ့ ၁၅:၀၀ နာရီအချိန်က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ မြို့မစျေး ကားကွင်းအရှေ့ဘက်၌ " တရားဝင်လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာနိုင်ဖို့ သက်ဆိုင်ရာဌာနများ နှင့် ချိတ်ဆက်ကြပါစို့ " အသိပညာပေး (Billboard) စိုက်ထူခဲ့ကြသည်။
ပုဗ္ဗသီရိမြို့နယ်၌ CERP အရ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး
Sep 27,2020
ကိုဗစ်-၁၉ ရောဂါ အကျိုးဆက်သက်ရောက်ခြင်းခံရသည့် ကျေးလက်နေပြည်သူများ၏ စီးပွားရေး အခက်အခဲများကို ဖြေရှင်းရန်အတွက် နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာ(၁၂)ရွာ၊ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းဖြင့် ကျေးရွာလေးရွာ ရွေးချယ် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေ အနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ယခုအခါ လုပ်ငန်းဆောင်ရွက်မှုများ ရာနှုန်းပြည့်ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အပူချိန်တိုင်းကိရိယာများ၊ Hand Speaker များနှင့် နှာခေါင်းစည်းများ ထောက်ပံ့
Sep 27,2020
​မော်လမြိုင်ခရိုင် ၊ကျိုက်မ​​ရော မြို့နယ်တွင် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊(ရုံးချုပ်)က ​ပေးအပ်​သော ကိုဗစ်-၁၉ ​ရောဂါ ကာကွယ် ​ရေးပစ္စည်းများဖြစ်သည့် အပူချိန် တိုင်းကိရိယာများ၊Hand Speaker များနှင့်နှာ​ခေါင်းစည်း (Mask) များကို စက်တင်ဘာလ ၂၅ ရက် ​နေ့လည်ပိုင်း က မြို့နယ်စီမံခန့်ခွဲမှု ​​​ကော်မတီရုံး(​ ​​​ရွှေဟင်္သာ)ခန်းမ၌ ​ထောက်ပံ့​ပေးအပ်ခဲ့သည်။
ထီးလင်းမြို့ ပျံကျစျေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက် များနှင့်အညီ ရောင်းချကြရန် အသိပေးနှိုးဆော်
Sep 27,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့ ယာယီပျံကျစျေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချကြရန် ယမန်နေ့ နံနက် ၇ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့တို့က စျေးအတွင်း Hand Speaker ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြသည်။
မင်းဘူးမြို့တွင် နှာခေါင်းစည်း Mask တပ်ဆင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 27,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် လူအများသွားလာနေသော နေရာများ၌ ခရိုင်၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ချမ်းသာကြီးပရဟိတ လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပေါက်ခေါင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Sep 27,2020
(၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယမန်နေ့ နံနက်(၇)နာရီတွင် ပေါက်ခေါင်းမြို့ အမှတ်(၁) ရပ်ကွက် ပုဗ္ဗါရုံဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်းဝန်းတွင် ပေါက်ခေါင်း မြို့နယ် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြ သည်၊၊