ညောင်ဦး ဇွန် ၂၃
၂၀၂၁ခုနှစ်၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌဖလား ၊ အသက် ၂၅နှစ် အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅နာရီအချိန်က ညောင်ဦးမြို့နယ် တောင်ဘဖူဆယ်အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနီတင့်၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးအောင်၊ အားကစား နှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမော်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပြီး ဗိုလ်လုပွဲကိုကြည့်ရှု အားပေးကြသည်။ အခမ်းအနားတွင် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်က ပထမရ ကိုရှိုင်းအသင်းအား ငွေသားဆုနှင့်ဆုဖလားချီးမြှင့်ပေးအပ်ပြီး၊ မြို့နယ်စီမံအုပ် ချုပ်ဖွဲ့ဖွဲ့ဝင် ဦးဆန်းထွန်းဦးက ပထမဆုရအသင်းသားများအား တစ်ဦးချင်းဆုတံဆိပ်များ ကိုချီးမြှင့်ပေးအပ်သည်။ ဆက်လက်၍ ဒုတိယဆုရ သန့်စင်ကြယ်အသင်းအား ဦးရဲသွင် (အားကစားမှူး)မှငွေသားဆုနှင့်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်အေးအေးမော်က ဒုတိယဆုရအသင်းသားများအား တစ်ဦးချင်းဆုတံ ဆိပ်များပေးအပ်ဆွဲပေးကာ မြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ ဗိုလ်မှူပြည့်ဖြိုးအောင်(အဖွဲ့ဝင်) က ဒုတိယဆုရအသင်းအားငွေသားဆုပေးအပ်ချီးမြှင့်သည်။ ၂၀၂၁ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့၊ ဥက္ကဌ ဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲအား အသင်း ၇ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း ညောင်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးရဲသွင်ထံကသိရသည်။
ကိုထိန်၊KPD