ချောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ဆရာမိဘများနဲ့တွေ့ဆုံ

ချောက် ဇွန် ၂၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ အမှတ်()အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက်()နာရီအချိန်က ချောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ မိဘများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ချောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဦးစိုးလွင်မှ အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ပညာ ရေးမှူးဒေါ်ခင်လေးဖြူ၊ လက်ထောက်ပညာရေးမှူ ဦးသန်းလွင်တို့မှလည်း ပညာရေးနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းတာဝန်ခံ ဦးစိုးအုံမှ မိမိတို့ ကျောင်း၌ဆောင်ရွက်ထားရှိမှုများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ​ကျောင်းတက်ရောက်မှု အခြေအနေတို့ကိုလည်း ရှင်လင်းဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် မြိုနယ်ရဲမှူးစိုးစိုးမှလည်း လုံခြုံရေး နှင့်ပတ်သက်၍ ဆောင်ရွက်ပေးနေသည့်လုပ်ငန်းများ ရှင်းလင်းဆွေးနွေးပြောကြာခြင်း၊ ကျောင်းအကျိုး တော်ကျောင်းမှ ဖွဲ့ဝင်တစ်ဦးမှလည်း လက်ရှိအခြေအနေ ကျောင်းသားမိဘများတို့၏ စိုးရိမ်ပူပန်နေမှုတို့ကို ဆွေးနွေးတင်ပြခဲ့သည်။  ယင်းအခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသားမိဘတို့ကလည်း မိမိတို့၏ အခြေအနေအခက်အခဲများကို ဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူ တို့မှ ပြန်လည်ဆွေးနွေးပေးခဲ့ကြကြောင်းသိရသည်။

မချို(ချောက်)