အထက်မင်းလှ ဇွန် ၂၃
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မင်းလှမြို့ ဇေယျာသီရိ ဈေးနှင့် ပြည်တော်သာလမ်းတို့၌ ယနေ့ နံနက် ၇ နာရီခွဲက ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြိုနယ် အုပ်ချုပ်ရေးမှူးဦးသန်းထွန်းအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးထွန်းထွန်းဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များ ပူးပေါင်း၍ ဇေယျာသီရိဈေးတွင် ဈေးရောင်း ၊ဈေးဝယ်ပြည်သူများအား ကိုဗစ် - ၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း စနစ်တကျနေထိုင်သွား လာကြရန် ၊ နှာခေါင်းစည်း(Mask)စနစ်တကျတပ်ဆင်ကြရန်၊ လက်ကို ဆပ်ပြာနှင့်ရေဖြင့် စနစ်တကျ ဆေးကြောရန်စသည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရန် အချက်များကို အသိပညာပေးဆွေးနွေးပြောကြားပြီး နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်းမရှိ သည့် ဈေးရောင်း ဈေးဝယ် ပြည်သူများအား နှာခေါင်းစည်း(Mask)များ ဖြန့်ဝေပေးခဲ့ပြီး၊ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် စျေးရောင်းစျေးဝယ်ပြည်သူများအား ကြွပ်ကြွပ်အိတ် သုံးစွဲမှုလျှော့ချရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
မင်းလှမြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီအနေဖြင့် မြို့နယ်အတွင်းရှိဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)