စဉ့်ကိုင် ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးရွာအဆင့် ခေါင်းဆောင်မှု သင်တန်းကို ယနေ့နံနက် (၁၀)နာရီက အဆိုပါရုံးအစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ သင်တန်းတွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဒေါ်တင်မြင့်ခိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် သင်တန်းနည်းပြ ဒေါ်တင်တင်ခိုင်က ပို့ချမည့်ဘာသာရပ်များနှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ကျေးရွာအဆင့် ခေါင်းဆောင်မှု သင်တန်းတက်ရောက်လာသူများ အနေဖြင့် ခေါင်းဆောင်မှုကို နားလည်ပြီး ကောင်းမွန်သောခေါင်းဆောင်မှုနှင့် မတူကွဲပြားခြားနားသော ခေါင်းဆောင်မှုပုံစံများနှင့် ခေါင်းဆောင်တို့၏အမူအကျင့်များ၊ ဆက်သွယ်မှုကောင်းမွန်သူတစ်ဦး၏ သွင်ပြင်လက္ခဏာများကို သိရှိလာပြီး ရပ်ရွာလူထုကို စည်းရုံးတတ်လာမည်ဖြစ်ကြောင်းနှင့် အဆိုပါ သင်တန်းသို့ မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ VDP ကျေးရွာ စီမံကိန်းနှင့် ရေးပေးဝေရေးလုပ်ငန်းမှ ကော်မတီအဖွဲ့ဝင်ကျေးရွာ (၁၁)ရွာမှ သင်တန်းသား/သင်တန်းသူ(၃၃)ဦး တက်ရောက်သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်က ပြောပြ၍ သိရသည်။
အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင်)