နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့နှင့်သွင်းအားစုများ ပံ့ပိုးပြီး တောင်သူ အသိပညာပေး စိုက်ပျိုး

 

 

နတ်မောက်  ဇွန်    ၂၃                                                                  

 

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက ဘုန်းတော်ပြည့်ကျေးရွာ အုပ်စုနှင့်န/ကျားထူး ကျေးရွာအုပ်စုများသို့သွားရောက်၍        မျိုးစေ့နှင့်သွင်းအားစုများပံ့ပိုးပြီး တောင်သူအသိပညာပေးစိုက်ပျိုးခဲ့သည်။     

 

                                                                                     

၂၀၂၁ခုနှစ်မိုးရာသီတွင် မိုးရွာသွန်းမှုနောက်ကျခဲ့သောကြောင့် ရေမြေဒေသနှင့် ကိုက်ညီသော ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေမှုရှိသည့် သီးနှံပုံစံပြောင်းလဲစိုက်ပျိုးခြင်း စမ်းသပ် ကွက်များ လက်တွေ့ပြသစိုက်ပျိုးခဲ့သည်။ ထိုသို့စိုက်ပျိုးခြင်းဖြင့် သီးနှံစွမ်းအားတိုးတက်စေရေးနှင့် တစ်ရာသီအတွင်း သီးနှံနှစ်မျိုး စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက်    မိုးနှမ်း၊ ပဲစင်းငုံ ၊သီးညှပ် စံပြ စိုက်ကွက် မိုးပဲတီစိမ်း၊ မိုးနှမ်း သီးညှပ်စိုက်ပျိုးခြင်း စမ်းသပ်ကွက် ၊ မိုးပဲတီစိမ်း ၊ နေကြာ  သီးညှပ်စံပြစိုက်ကွက်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက လက်တွေ့ပူးပေါင်း၍ တောင်သူ အသိပညာပေး စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချို ထံမှသိရသည်။

 

သင်းသင်းမြတ်