ကျိုက်မရောမြို့တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီထုတ်ပေး

 

 

 

ကျိုက်မရော ဇွန်    ၂၃

 

 

 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင် လစာငွေများကို ယနေ့ နံနက်၈နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးညွန်ကြားချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက်ရှိသည်။

 

 

 

ကျိုက်မရောမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းဦးရေ (၇၀၀)ကျော်ရှိရာ လူစုလူဝေးမဖြစ်ပေါ်စေရေး အတွက် လူဦးရေကန့်သတ်ကာ ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ နေ့စဉ်နံနက်   ၈ နာရီမှစတင်ကာ ညနေ၃နာရီထိ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေး လျက်ရှိရာ ဘဏ်ရုံးအဝင်ဝတွင်လက်ဆေးဘေစင်များထားရှိပေးခြင်း၊ နှာခေါင်းစီး Maskများ စနစ်တကျ တပ်ဆင်စေခြင်း၊ အပူချိန်တိုင်းစက်ဖြင့် အပူချိန်တိုင်းပေးခြင်းများကို စနစ်တကျ ဆောင်ရွက်စေပြီးမှ ပင်စင်လစာငွေများကို အချိန်မီထုတ်ပေးလျက်ရှိကြောင်းသိရသည်။

     

 

 

ချိုမြတ်မြတ်ထွေး