ဆော ဇွန် ၂၃
မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဆောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီခွဲကစတင်ပြီး ဆောမြို့ မြို့မအားကစားကွင်းအနီး သီရိ/ဇေယျာ ရပ်ကွက် လမ်းဆုံ၊ မြို့လယ် လမ်းဆုံဖြစ်သည့် ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းထောင့်နှင့် ဆော-ဆိပ်ဖြူကားလမ်း မြို့ဝင် တံတားထိပ်တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မိုးဇော်နှင့် ကော်မတီဝင်များ၊မ ြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ကျန်းမာရေးဝန်ထမ်းများ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့တွင်းဝင်ထွက်သွားလာလျက်ရှိသော မော်တော်ယာဉ်များ၊ ခရီးသွား လာသူပြည်သူ များနှင့် လမ်းသွားလမ်းလာပြည်သူများမှ နှာခေါင်းစည်း(Mask) တပ်ဆင်ထားခြင်း မရှိသူများ အား Mask များ အခမဲ့ဖြန့်ဝေပေးပြီး တပ်ဆင်စေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုဇော်ကြီး(ဆော)