လားရှိုး ဇွန် ၂၃
လားရှိုးမြို့နယ်၊ စည်ပင်သာယာရေးဌာနပိုင် မြို့မဈေးကြီးတွင် ယမန်နေ့က ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိသူ (၁၅)ဦးရှိခဲ့ပြီးနောက် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဇွန်လ(၂၃)ရက် မှဇူလိုင်(၇)ရက်နေ့အထိ (၂)ပတ်ကြာ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်ဇင် ထံကသိရသည်။
ထို့ပြင် လားရှိုးမြို့ ညဈေးနှင့်ခါးရိုးဈေးကိုလည်းယာယီပိတ်သိမ်းထားပြီးဖြစ်သည်။ ဈေးရုံပိတ်ထားသည့်အချိန် တွင်လည်း ဈေးရောင်းချသူများသည်မိမိအိမ်တွင်သာ နေထိုင်ကြရန်နှင့် ကျန်းမာရေးတစ်စုံတစ်ရာ ထူးခြားမှု ရှိလာပါကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ (သို့မဟုတ်)ကျန်မာရေးဌာနသို့ဆက်သွယ်ကြရန်လည်း ကြေငြာ ထားရှိသည်။
ကိုဗစ်(၁၉)ရောဂါ ပေါ့စတစ်ရှိသူနှင့်ထိတွေ့ခဲ့သူများအနေဖြင့် ထိတွေ့ပြီး(၃)ရက်နေမှသာ ဆေးစစ်ဆေးချက် အဖြေထွက်ရှိမှု ပို၍မှန်ကန်မည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားထားသည်။
လားရှိုးမြို့၌ ကိုဗစ် Positive အတည်ပြုထားသည့် လူနာမှာ ဇွန်လ(၂၃)ရက်နေ့အထိ (၁၆၈)ဦးရှိနေပြီ ဖြစ်ကြောင်း ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့် ကော်မတီထံကသိရသည်။
ဟန်ဌေး(လားရှိုး)