စလင်း၊ဇွန် ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့တွင် ယနေ့ နံနက် ၇:၃၀နာရီအချိန်က လူစည်ကားရာနေရာများဖြစ်ကြသော ဈေး၊ စာသင်ကျောင်းများ၊ မီးပွိုင့် လမ်းဆုံနှင့် ဌာနဆိုင်ရာများတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ဖြန့်ဝေခဲ့ကြ သည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်၍ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းအရင်းများ၊ မူးယစ်ဆေးဝါး ပြဿနာများ ကိုဖြေရှင်းခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ရှောင်ကြဉ်ဖွယ်ရာနှင့် ကမ္ဘာ့ရန်သူ ဘိန်းဖြူကဗျာ၊ ပညာပေးကာတွန်းများကို စိတ်ဝင်စားဖွယ်ထည့်သွင်း ဖော်ပြထားကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)