တာလေ ဇွန် ၂၃
၂၀၂၁ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်” သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာလေမြို့ရုံး ဝန်ထမ်းများက ယနေ့ နေ့လယ်ပိုင်းက မြို့ပေါ်ရှိ ဌာနဆိုက်ရာများ၊ စာကြည့်တိုက်များ၊စာသင်ကျောင်းများ၊ လမ်းမကြီးဘေးဝဲယာတစ်လျှောက်ရှိပြည်သူများနှင့် ဈေးဝယ်သွားလာသူများကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
လက်ကမ်းစာစောင်တွင် “မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊မူးယစ်ဆေးစွဲသူဖေးမကူ၊ကမ္ဘာ့ရန်သူ ဘိန်းဖြူ၊ မူးယစ်ဆေး သုံးစွဲရခြင်း အကြောင်းရင်း၊ မူးယစ်ဆေးဝါးပြဿနာကိုဖြေရှင်းခြင်းနှင့် မူးယစ် ဆေးဝါးအန္တရာယ် ရှောင်ကျဉ်ဖွယ်စသည့်အကြောင်းအရာများနှင့် ကာတွန်း၊ ကဗျာများ ဖော်ပြပါရှိကြောင်း” သိရသည်။
အောင်ကျော်မိုး(တာလေ )