ဒေးဒရဲမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဒေးဒရဲ   ဇွန်   ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင်  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်များတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးအန္တရာယ်ရှောင်ကြဉ်ဖွယ်၊ မုံရွာဝင်းဖေ ရေးသားသည့် ကမ္ဘာ့ရန်သူဘိန်းဖြူ ကဗျာဖော်ပြချက်၊ မူယစ်ဆေးစွဲသူ ဖေးမကူနှင့် အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့ ဆောင်ပုဒ်များ ပါဝင်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး စာသင်ကျောင်းများ၊ စည်ပင်သာယာမြို့မဈေး၊ လူစည်ကားရာနေရာများနှင့် ကားဂိတ်များတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြင့်မြင့်ခိုင်