အုတ်ဖို ဇွန် ၂၃
စာပေဗဟုသုတကြွယ်ဝစေရန်နှင့် စာပေမှရရှိလာမည့် အသိအမြင်ဗဟုသုတများကို အသုံးချနိုင် စေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၉ နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာခင်မောင်အေး(နှလုံး)ရေးသားသည့် လူရယ်လို့ဖြစ်လာလျှင် စာအုပ်မှ ပညာသင်ဖို့ငွေကြေးမရှိလို့စိတ်အားမငယ်ပါနဲ့ ခေါင်းစဉ်အား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ညွန့်ညွန့်စိန်မှ စတင်ဆွေးနွေးခဲ့ပြီး ကိုယ်ရဲ့ စရိုက်ကိုယ်ကိုယ်သိဖို့လိုတယ်၊ လူမှုရေးစိတ်ဓာတ်၊ ကြိုတင်ပြင်ဆင်တက်တဲ့အလေ့အကျင့်၊ စိတ် အလိုအရမ်းလိုက်သူများ စသည့်ခေါင်းစဉ်များကို ဝန်ထမ်းများမှ အသီးသီး ဆွေးနွေးခဲ့ကြသည်။ စာဖတ်ဝိုင်းကို ဝန်ထမ်းများ စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိစေရန်၊ အသိပညာ ဗဟုသုတ ကြွယ်ဝစေရန်၊ မိမိသိရှိသော အသိပညာများကို ပြန်လည်မျှဝေတက်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပြီး တစ်လလျှင်နှစ်ကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ