ဇေယျာသီရိမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဇေယျာသီရိ ဇွန် ၂၃

ပြည်ထောင်စုနယ်မြေ ၊ ‌နေပြည်တော် ၊ ဥတ္တရခရိုင် ၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက  ၂၀၂၁ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ဌာနဆိုင်ရာများ နှင့် ကျောင်းသား/ ကျောင်းသူ များထံသို့ လက်ဝယ် အရောက်ဖြန့်ဝေပေးခဲ့သည်။

သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါး သုံးစွဲရခြင်း၏ အကြောင်းရင်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်ရှောင်ကြဉ်ဖွယ်၊ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး လုပ်ငန်းများစသည့် အကြောင်းအရာများ ၊ ဆောင်ပုဒ်များ၊ ကဗျာ နှင့်  ကာတွန်းတို့ပါဝင်ပြီး အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှ အခမဲ့ ထုတ်ဝေခဲ့ကြောင်း သိရသည်။ 

မြို့နယ် ( ပြန်/ဆက်)