စုကလိ ဇွန် ၂၃
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၊ တာအုတ်ကျေးရွာအုပ်စု၊ တာနောထကျေးရွာ တွင် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျော်လွှားဘားအံ ကုမ္မဏီတို့ပူးပေါင်း၍ နယ်စပ်ဒေသ ဖွံဖြိုးရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေရေး၊ ကျေးလက်နေပြည်သူများ အဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်၍ တစ်အိမ်သုံးဆိုလာပါဝါများအား ယနေ့နံနက် ၉ နာရီ အချိန်က တာနောထကျေးရွာတွင် စုကလိမြို့ အုပ်ချုပ်ရေးမှူး ဦးသူရိန်မင်းမှ ဦးဆောင်၍ပေးအပ်ခဲ့သည်။
ရှေးဦးစွာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသိန်းဟန်မှ တစ်အိမ်သုံးဆိုလာပါဝါများ အသုံးပြုပုံအဆင့်ဆင့်ကို ရှင်းလင်းပြသပေးခဲ့ပြီး တာဝန်ရှိသူများက ကျေးလက်နေပြည်သူများ လက်ဝယ်အရောက်ဆိုလာပါဝါများပေးအပ်ခဲ့သည်။
ထိုသို့တစ်အိမ်သုံးဆိုလာပါဝါများပေးအပ်ရာတွင် စုကလိမြို့၊ တာနောထကျေးရွာရှိ အိမ်ထောင်စု (၈၀)အတွက် တစ်အိမ်ထောင်စုလျှင် တစ်လုံးနှုန်းဖြင့် ပေးအပ်ခဲ့ပြီး စုကလိမြို့ရှိ မဲကုလားအုပ်စုနှင့် မိပါးအုပ်စုရှိကျေးရွာများအား ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် စုစုပေါင်း ဆိုလာပါဝါအလုံးရေ ၁၀၄ စုံ တို့အား ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပိုပိုအောင်