ဟုမ္မလင်း ဇွန် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့၌ ဌာနဆိုင်ရာများမှ Mask Capaign အသိ ပညာပေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ဟုမ္မလင်းမြို့ ၊ကမ်းနားလမ်းဆုံ၊ မြို့မစျေးရှေ့ တို့၌ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
အဆိုပါအသိပညာပေးဆောင်ရွက်ရာတွင် ဟုမ္မလင်းမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများမှ စျေးရောင်း၊စျေးဝယ်၊ လမ်းသွား၊ လမ်းလားသူများကို mask Capaign (၅၀၀၀) ကျော်ဝေငှခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်းသိရ သည်။
လင်းလင်း