ယင်းမာပင်မြို့နယ်အတွင်း စာသင်ကျောင်းများဖွင့်လှစ်ထားရှိမှုအခြေအနေများနှင့် ပန်းခင်းစီမံချက် အရ မှတ်ပုံတင်ပြုလုပ်နေမှုများအား ကွင်းဆင်းစစ်ဆေး

 

 

 

ယင်းမာပင် ဇွန် ၂၃

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ၊ ယင်းမာပင်မြို့နယ်အတွင်း စာသင်ကျောင်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေများနှင့်ပန်းခင်းစီမံချက်အရ မှတ်ပုံတင်ပြုလုပ်နေမှုများကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ယင်းမာပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမန်ကိုဟောနှင့် အဖွဲ့ဝင် များက ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။

 

 

ရှေးဦးစွာ ယင်းမာပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမန်ကိုဟောနှင့် အဖွဲ့ဝင်များက မင်းဇူး ကျေးရွာ အုပ်စု၊မင်းဇူးကျေးရွာ အလက(ခွဲ) စာသင် ကျောင်းသို့သွားရောက်ခဲ့ပြီး ရပ်မိရပ်ဖများ ၊ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအားတွေ့ဆုံကာ Mask များပေးဝေခြင်း ၊ စာသင်ကျောင်း ရှိစာသင်ခန်းများအား ပိုးသတ်ဆေးဖျန်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

 

 

ဆက်လက်၍ ယင်းမာပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမန်ကိုဟောနှင့် အဖွဲ့ဝင်များက ဖိုလ်ဝင်တောင်ကျေးရွာသို့သွားရောက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ဆောင်ရွက်လျက် ရှိသည့် ပန်းခင်းစီမံချက်အရ မှတ်ပုံတင်ရရှိရေး ဆောင်ရွက်ပေး နေမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးပြီး ဘုရားဖူး လာရောက်သောပြည်သူများအား  Mask များပေးဝေခြင်း ၊ ပုပ္ပါးကျောင်းဝန်းအတွင်း ပိုးသတ်ဆေးဖျန်းပေးခြင်း ၊ ပုပ္ပါးကျောင်းတိုက် ဆရာတော် ဦးဝိမလထံသို့ ဝတ္ထုငွေဆပ်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

         

 

ထို့နောက် လက်လှုပ်ကျေးရွာအုပ်စု၊ပြောင်းပြာကျေးရွာ အ.မ.က ကျောင်းသို့သွားရောက်ကာ ကျေးရွာရှိ ရပ်မိရပ်ဖများ၊ဆရာ/ဆရာမများနှင့် ကျောင်းသား ၊ကျောင်းသူများအားတွေ့ဆုံကာ Mask များပေးဝေခြင်းနှင့် စားသောက်ဖွယ်ရာများပေးဝေခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

         

 

အဆိုပါ စာသင်ကျောင်းများဖွင့်လှစ်ထားရှိမှု အခြေအနေများနှင့်ပန်းခင်းစီမံချက်အရ မှတ်ပုံတင် ပြုလုပ်နေမှုများကွင်းဆင်းစစ်ဆေးခြင်းကို ယင်းမာပင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမန်ကိုဟောနှင့် အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးဖြိုးဝေအောင်၊မြို့နယ်လ၀က ဦးစီးအရာရှိ ဦးသန်းမျိုး၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်းထက်၊ မြို့နယ်မီးသတ် ဦးစီးဌာနမှ ဒုဦးစီးမှူး သန့်ဇင်အောင်၊ဗိုလ်ကြီးပြည့်ဖြိုးအောင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်မျိုးခိုင်နှင့် အဖွဲ့ဝင်များက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

 

ယင်းမာပင်(ခရိုင်/ပြန်ဆက်)