သတင်းများ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင် ကာကွယ်ရေးဆောင်ရွက်
Sep 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်တွင် COVID-19 ကူးစက် ရောဂါကြိုတင်ကာကွယ်ရေးအသိပညာလုပ်ငန်းများကို မြို့နယ်အဆင့်ကော်မတီ ဖွဲ့စည်းကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ရန်ကုန် တောင်ပိုင်းခရိုင် တံတားမြို့တွင် Stay At Home အစီအစဉ်အရ ယာဉ်နှင့် လူအသွားအလာ နည်းပါး
Sep 28,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကိုကိုးကျွန်း မြို့နယ်မှအပ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများအားလုံး မိမိအိမ်တွင်သာ နေထိုင်ကြရန်
မော်လိုက်ခရိုင်ကြက်ခြေနီကော်မတီမှ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း နှင့် ကျန်းမာရေး စစ်ဆေးရေး ဂိတ်များအတွက် နှာခေါင်းစည်းများနှင့် လက်သန့်ဆေးရည်ဗူးများ ထောက်ပံ့ လှူဒါန်း
Sep 28,2020
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်ကြက်ခြေနီ ကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး အတွက် Quarantine စင်တာနှင့် ကျန်းမာရေးစစ်ဆေးရေးဂိတ်များအတွက် ယနေ့ နံနက်ပိုင်း က နှာခေါင်း စည်းများ၊ လက်သန့်ဆေးရည်ဗူးများနှင့် တစ်ခါသုံးလက်အိတ်များ သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။
Stay at Home ကာလအတွင်း ရန်ကုန်မြို့ လူစည်ကားရာနေရာများတွင် လူနှင့်ယာဉ်များ သွားလာမှု နည်းပါး
Sep 28,2020
ကိုဗစ်−၁၉ ရောဂါပိုး တွေ့ရှိ လူနာများပြားလာပြီးနောက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်တွင် (ကိုကိုကျွန်း)မြို့နယ်မှအပ ရန်ကုန် တိုင်းဒေသကြီးအား Stay at Home အစီအစဉ် စတင်ကြောင်း စက်တင်ဘာ (၂၀) ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ပြီးနောက် ရန်ကုန်မြို့၌ အဓိကလမ်းမကြီးများ တစ်ချို့တွင် ယာဉ်အသွားအလာနှင့် လူအသွားအလာရှင်းလင်းနေသည်ကို တွေ့မြင်ရသည်။
ကျောက်တန်းမြို့နယ်တွင် မူလွန်ဆင်ကန်ကျောင်းနှင့် အထက မြိုင်သာယာ ကျောင်းတို့၌ Quarantine Centre ထားရှိရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်
Sep 28,2020
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် လက်ရှိအချိန်ထိ ပိုးတွေ့အတည်ပြုလူနာ(၄၅)ဦး ရှိလာသဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်ရှိ ရွှေမှော်ဝန်းသာသနာ့ဗိမာန်၊ မိုးလုံလေလုံအားကစားရုံ၊ အထက(ခွဲ) အေးမြသီတာကျောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိခဲ့သူ( Primary Contact )များ ထားရှိဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွင် နှာခေါင်းစည်း (Mask) မတပ်ပဲ နေအိမ်ပြင်ပသို့ သွားလာ သူများကို အရေးယူဆောင်ရွက်
Sep 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွင် နှာခေါင်းစည်း(mask)မတပ်ပဲ နေအိမ် ပြင်ပ သို့သွားလာသူများကို ယနေ့ နံနက် နံနက်ပိုင်းမှစတင်ကာ ထိရောက်စွာအရေးယူ ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
စလင်းမြို့နယ် ရှမ်းစုကျေးရွာ၌ အ.မ.က ကျောင်းဆောက်လုပ်မှု ၉၅ ရာခိုင်နှုန်းပြီးစီး
Sep 28,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ၌ ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုကို သတ်မှတ်ရက်အတွင်း အချိန်မီ တည်ဆောက် ပြီးစီးနိုင်ရေးအတွက် မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးမြင့်ဝေနှင့် ကျောင်း အကျိုးတော်ဆောင်များ သွားရောက်စစ်ဆေးခဲ့ရာ ယခုအခါ ၉၅ရာနှုန်း ပြီးစီးပြီ ဖြစ်သည်။
ကသာခရိုင် ဗန်းမောက်မြို့နယ်၌ စီးပွားရေးကုစားမှု အစီအစဉ်အရ စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Sep 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကိုဗစ်-၁၉ ရောဂါကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ Cash For Work စီမံကိန်းဖြင့် ကျေးရွာပေါင်း ခြောက်ရွာတွင် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနမှ သိရသည်။