ပြင်ဦးလွင် ဇွန် ၂၃
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ( ကိုဗစ် - ၁၉ ) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင် ကာကွယ်ရေးအတွက် သံသယလူနာများ ရှိလာပါက အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့် ဆောင်ရွက်နိုင်ရန် ၂၀၂၁ - ခုနှစ် ၊ ဇွန် ( ၂၂ ) ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ၊ ခရိုင်အားကစားကွင်းအတွင်း၌ တာဝန်ရှိသူများနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းကာ ကြိုတင်စီမံပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင် ကာကွယ်နိုင်ရေးနှင့် သံသယလူနာများ ရှိလာပါက အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့် ဆောင်ရွက်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာန ၊ ကွင်းအတွင်းရှိ အားကစားခန်းမ နှင့်အိပ်ဆောင်များကို အမျိုးသားနှင့် အမျိုးသမီး အဆောင်အဖြစ် သတ်မှတ်ကာ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရှိရသည်။
ခရိုင် ( ပြန်/ဆက် )