ရန်ကုန် ဇွန် ၂၃
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အမေရိကန်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်းနှင့် ရှေးဦးပြုစုခြင်း(အခြေခံ)
သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၄၂)၊ ကမ်းနားလမ်းရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ရန်ကုန်ရုံးခွဲ(၃ လွှာ)သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
အရေးပေါ်အခြေအနေတွင် ထိခိုက်ဒဏ်ရာရရှိမှု အမျိုးအစားအလိုက် ရှေးဦးပြုစုပေးနိုင်ရန် ရည်ရွယ်၍ သင်တန်း ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။
သင်တန်းဆင်းပွဲတွင် သင်တန်းဆင်းလက်မှတ်များကို အသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်က ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီများအား ပေးအပ်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး ခရိုင်(၄)ခုမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၁၂၀)ဦးအတွက် ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်းသင်တန်း (၄)ကြိမ်ကို ဇွန်လ(၁၀)ရက်နေ့မှ ဇွန်လ(၁၉)ရက်နေ့အထိ လည်းကောင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ(၂၀)မှသင်တန်းသား (၄၀၀)ဦးအတွက် ရှေးဦးပြုစုခြင်းသင်တန်းကို ဇွန်လ(၁၈)ရက်နေ့မှ ဇွန်လ (၂၂)ရက်နေ့အထိ လည်းကောင်း ဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။
စန္ဒာမိုး