မြစ်သား ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကျေးရွာအဆင့် ခေါင်းဆောင်မှုဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ဒေါ်အိအိသော်(ဦးစီးအရာရှိ)က ကျေးရွာ အဆင့် ခေါင်းဆောင်မှုဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင ပတ်သက်၍ ကောင်းမွန်သော ခေါင်းဆောင်မှုနှင့် ဆိုးသောခေါင်းဆောင်မှုကို ခွဲခြားတတ်စေရန်၊ မတူကွဲပြား ခြားနားသော ခေါင်းဆောင်မှုပုံစံများနှင့် ၎င်းတို့၏ အမူအကျင့်တို့ကို သိရှိလာပြီး ရှင်းပြတတ်စေရန်၊ ဆက်သွယ်မှု ကောင်းမွန်သူတစ်ဦး၏ သွင်ပြင်လက္ခဏာများကို သိရှိလာပြီး ရပ်ရွာလူထုကို စည်းရုံးတတ်လာစေရန် စသည့်အချက်များနှင့် သင်တန်းတွင် ပို့ချသွားမည့် သင်ခန်းစာဘာသာရပ်များ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ခြင်းဖြစ်ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းများ (VDP)နှင့် ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများ၏ ကော်မတီဝင်များမှ ကျေးရွာအဆင့် ခေါင်းဆောင်မှုပေးနိုင်ရန်နှင့် လုပ်ငန်းအထောက်အကူ ဖြစ်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့ပြီး သင်တန်း ကာလမှာ(၂)ရက် သင်ကြား ပို့ချမည် ဖြစ်ကြောင်းနှင့်သင်တန်းသို့မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား/သူ(၃၃)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
မြမြမွန်(မြစ်သား)