စမ်းချောင်းမြို့နယ် ရှမ်းလမ်းစျေး(ဂွစျေး)၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အညီ စျေးရောင်းချမှု ရှိ/မရှိ အခြေအနေအား ကြည့်ရှုစစ်ဆေး
Sep 28,2020
ရန်ကုန်အနောက်ပိုင်းခရိုင် စမ်းချောင်းမြို့နယ် အတွင်းရှိ ရှမ်းလမ်းစျေး(ဂွစျေး)၌ ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရန်အတွက် စျေးအတွင်း စျေးရောင်း/စျေးဝယ် ပြည်သူများ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးသန်းနှင့် ကော်မတီဝင်များ၊ စမ်းချောင်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရပ်ကွက်မှ တာဝန်ရှိသူများ လိုက်ပါ၍ စျေးအတွင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။