နမ့်စန်(တ)ဇွန် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၁၁ နာရီတွင် နမ့်စန်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ သို့ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာအောင် နှင့်ဝန်ထမ်းများက အထက(နမ့်စန်) ကျောင်းနှင့် အထက (မြို့မ)ကျောင်းရှိ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများအတွက် သတင်းစကားလက်ကမ်းစာစောင် စုစုပေါင်း အစောင်(၂၇၀)ကို အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ ၊ မူးယစ်ဆေးသုဲးစွဲရခြင်း အကြောင်း အရင်း ၊ မူးယစ်ဆေးဝါးပြဿနာကိုဖြေရှင်းခြင်း ၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ် ၊ ကမ္ဘာ့ရန်သူ ဘိန်းဖြူ ကဗျာ နှင့် မူးယစ်ဆေး၏ဆိုးကျိုး ပညာပေးကာတွန်း များ ပါဝင်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်